paragraph title
October 20, 2015
တစ်ယောက်ယောက်က ကိုယ့်ကိုအနစ်နာခံပြီး လာချစ်ပေးနေတာမျိုး မကြိုက်ဘူး။
အရိပ်တကြည့်ကြည့်နဲ့ အနားကိုအမြဲရောက်ရောက်လာတာမျိုးလည်းစိတ်ရှုပ်တယ်။ "ငါရှိတယ်သိလား"
လို့လာလာပြောနေရင်တော့ အော်ထုတ်ပစ်ချင်တာ။
သနားစရာသတ္တဝါတစ်ကောင်လိုဆက်ဆံခံရတာမကြိုက်ဘူး။
အချိန်မရွေးကျကွဲသွားနိုင်တဲ့ ရေခဲရုပ်ထုလိုဂရုစိုက်ခံရတာမျိုး မုန်းတယ်။
ကိုယ်က ဒီအတိုင်း။
ကျကွဲနေခဲ့ရင်လည်း အပိုင်းအစတွေအတိုင်း၊
ပြုတ်ကျသွားခဲ့ရင်လည်း အရှိအတိုင်း၊
အရှိန်ပြင်းပြင်းနဲ့ လွင့်စင်နေခဲ့ရင်လည်း လေနှင်ရာအတိုင်း..ပေါ့။
တစ်ယောက်ယောက်ကို ချစ်နေရင်း
အဲဒီလို ပြိုကွဲပျက်ကျနေခဲ့ရင်း
ရှိနေချင်ရုံသက်သက်ပဲ။
ကျေးဇူးပြုပြီး..မကယ်တင်ပါနဲ့။
ကယ်တင်ရှင်တွေကို မုန်းတာမို့လို့။